Thursday, November 21, 2013

S.W.O.T လုပ်မလား ၊ P.E.S.T လုပ်မလား

Share On Facebook ! Tweet This ! Share On Google Plus ! Pin It ! Share On Tumblr ! Share On Reddit ! Share On Linkedin ! Share On StumbleUpon !
 


S.W.O.T နဲ့ P.E.S.T ဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရာမှာ အင်မတန်အသုံးဝင်တဲ့ ကရိယာ
တွေလို့ ခေါ်ဆိုနိုင်ပါတယ် ။ ဒါပေမဲ့ ကိုယ့်ဖာသာကိုယ် လုပ်ကိုင်လေ့လာ အောင်မြင်မှုရှိလာတဲ့ စီးပွား
ရေးသမားတွေအတွက်တော့ အကျုံးမဝင်ဘူးလို့ ထင်ချင်စရာ ရှိနိုင်ပါတယ် ။ အမှန်ကတော့ သူတို့
တွေလည်း သုံးတာပါပဲ ။ စနစ်တကျလေ့လာလို့ရအောင် ပညာရှင်အချို့က နာမည်တပ်ပြီး စုစည်း
ပေးလိုက်လို့ “သင်ညာ” ရှာဖွေသူတွေအတွက် အသုံးချစရာ ကရိယာတွေရယ်လို့ သတ်သတ်မှတ်
မှတ်ဖြစ်ပြီး ကျောင်းတွေမှာ သင်ကြားလာကြတာပါပဲ ။

   ယေဘုယျပြောရင်တော့ P.E.S.T ဟာ ထုထည်ကြီးကြီးမားမားဖြစ်တဲ့ကိစ္စရပ်မျိုးတွေ - ဥပမာ ဒေ
သတစ်ခုရဲ့ ဈေးကွက်တစ်ခုကို ထိုးဖေါက်ရာမှာ တိုင်းတာသုံးသပ်ဖို့ရာ အသုံးပြုရတတ်ပါတယ် ။

   S.W.O.T ကျပြန်တော့ နေရာတိုင်းလိုလိုမှာ ဆုံးဖြတ်ချက်ချဖို့ရာ အသုံးချလို့ရနိုင်ပြီး ဥပမာ - စီး
ပွားရေးလုပ်ငန်း အစိတ်အပိုင်းတစ်ခု ၊ အဆိုပြုချက် စိတ်ကူးစိတ်သန်းတစ်ခုကို တိုင်းတာသုံးသပ်
ရာမှာ သုံးနိုင်ပါတယ် ။

ပထမ P.E.S.T ကို မွှေကြည့်ရအောင် ။

   ဒီသုံးသပ်ဆန်းစစ်မှုလုပ်ငန်းစဉ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ဦး
တည်ချက်နဲ့ မူဝါဒတွေအပေါ် သက်ဆိုင်ရာနေရာဒေသရဲ့ သက်ရောက်မှုတွေကို ပထမ စုစည်းဖေါ်
ထုတ်ပါတယ် ။ ပြီးတော့ အားသာချက် အားနည်းချက်တွေကို ချိန်ထိုးပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ဆုံးဖြတ်
ချက်တွေ ချမှတ်နိုင်ဖို့ရာမှာ အသုံးပြုတယ်လို့ ဆိုနိုင်ပါတယ် ။

   ဒီနည်းမှာ သံတူကြောင်းကွဲတွေ ရှိနေပေမယ့် အသုံးများမယ့် ပုံစံတစ်ခုကိုပဲ ရွေးထုတ်ထားပါတယ် ။
အဲဒါကတော့ P.E.S.T.L.E analysis ပါပဲ ။ စပြောတုန်းကတော့ (၄) လုံးထဲပါပေမဲ့ ၊ ခုတော့ “L” နဲ့
“E” နှစ်လုံး ပိုလာပါတယ် ။ အမှန်တော့ အရင်က “၄ လုံးပဲရှိခဲ့ပေမယ့် ၊ ခေတ်တွေပြောင်းလာလို့ ပို
ကျယ်ပြန့်လာတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ကျင့်ဝတ် ၊ နိုင်ငံတကာ သဘောတူညီချက်နဲ့
ဥပဒေ စတာတွေကြောင့် နောက်က စာနှစ်လုံးထပ်တိုးလာခဲ့တာ ဖြစ်ပါတယ် ။

   ပုံပမာပြရရင်တော့ အောက်ကအတိုင်းပါပဲ ။ တဆက်ထဲမှာပဲ သက်ဆိုင်တဲ့ အကြောင်းအချက်လေး
တချို့ကိုလည်း စာရင်းအကျဉ်း ထည့်ပေးထားပါတယ် ။
 
 
 * Political (နိုင်ငံရေး)   - သက်ဆိုင်ရာဒေသက အုပ်ချုပ်နေတဲ့အစိုးရ ၊ အခွန် ၊ အုပ်ချုပ်ရေးနဲ့ အခြား
                                  မူဝါဒတွေ ၊
* Economy (စီးပွားရေး)- ဘဏ်တိုးနှုန်း ၊ ငွေဖောင်းပွမှုနှုန်း ၊ အလုပ်လက်မဲ့ အခြေအနေ ၊ ဝင်ငွေ ၊ စီး
                                  ပွားရေးစက်ဝန်း ၊ ကြွေးမြီပမာဏနဲ့ စီးပွားရေးမူဝါဒတွေ ၊
*  Social (လူမှုရေး)     - ဒေသတွင်း လူဦးရေအနေအထား ၊ လူနေမှုစနစ် ၊ ပညာရေး ၊ လူမှုရေး သ
                                  ဘောသဘာဝနဲ့ ဦးတည်ရာ ၊ ဝင်ငွေအချိုးအစား ၊
*  Technology (စက်မှုနည်းပညာ) - နည်းပညာအသစ် ရှာဖွေတီထွင်မှု ၊ တွေ့ရှိမှုနှင့်လွဲပြောင်းပေးမှု ၊
                                  ကုန်ပစ္စည်းသစ် ဖွံ့ဖြိုးထုတ်လုပ်မှု ၊ မူပိုင်ခွင့် ၊ စက်မှုနည်းပညာများ ရရှိသုံးစွဲ
                                  နိုင်တဲ့ အခွင့်အလမ်းတွေ ၊
*  Legal (ဥပဒေ)        - လုပ်ငန်းခွင်ဆိုင်ရာ ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ၊ အဖွဲ့အစည်းဆိုင်ရာ ၊ ကျန်း
                                  မာရေးဆိုင်ရာ ၊ လူမှုဆက်ဆံရေးဆိုင်ရာနဲ့ အခြားသော အာမခံ အကာအ
                                  ကွယ်ပေးမှုဆိုင်ရာ ဥပဒေတွေ ၊
*  Environment (သဘာဝပတ်ဝန်းကျင်) – သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု ၊ စွမ်း
                                  အင်သုံးစွဲမှု ၊ ရာသီဥတုပြောင်းလဲမှု ၊ ဓါတ်သတ္တုအညစ်အကြေးတွေနဲ့ ပတ်
                                  သက်တဲ့  ကန့်သတ်ကိုင်တွယ်မှု ၊ နည်းပညာ လုပ်ကိုင်ပုံစနစ်နဲ့ပတ်သက်တဲ့
                                  ဥပဒေတွေ - စတာတို့ ဖြစ်ပါတယ် ။
   သုံးသပ်မှုလုပ်ချင်တဲ့ အလုပ်တစ်ခုအတွက် (ဥပမာ - မြန်မာပြည်ကို အိတ်ဆောင် ကွန်ပြူတာတစ်
မျိုး တင်သွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက် ဆိုပါစို့ ) အချက်အလက်တွေရှာ ၊ သက်ဆိုင်ရာအကွက်တွေမှာ
ဖြည့်သွင်းရပါမယ် ။

   အဲဒီအချက်တွေအပေါ်မူတည်ပြီးတော့မှ ဒေသအဆင့် ၊ နိုင်ငံတွင်းအဆင့်နဲ့ နိုင်ငံတကာအဆင့်တွေ
မှာ သုံးသပ်မှုလုပ်ချင်တဲ့ စီးပွားရေးအဖွဲ့အစည်းရဲ့ အနေအထားကို အားသာချက်နဲ့ အားနည်းချက်တွေ
ယှဉ်ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်ချက်တွေချနိုင်ဖို့ရာ ညွှန်းဆိုချက်လေးတွေ ရလာမှာဖြစ်ပါတယ် ။ ဒေ
တစ်ခု ၊ နိုင်ငံတစ်ခုကိုဝင်ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တွေလုပ်တဲ့အခါမျိုးမှာ အံဝင်မဝင် သုံးသပ်ဖို့
အလွန်အသုံးဝင်တဲ့ ကရိယာစနစ်တစ်ခု ဖြစ်ပါတယ် ။

ဆက်ပြီးတော့ S.W.O.T ဆိုတာကို ကြည့်ရအောင် ။

   “လုပ်ငန်းတစ်ခု ၊ စီမံကိန်းတစ်ခု စတာတွေမှာ ရှိနေတဲ့ အားသာချက် ၊ အားနည်းချက် ၊ အခွင့်အ
လမ်းနဲ့ အန္တရာယ်တွေကို တန်ဖိုးဖြတ်ဖို့အသုံးပြုတဲ့ မဟာဗျူဟာကျ စီမံမှုနည်းလမ်းတစ်မျိုး ” လို့ အ
ကြမ်းဖြင်း ထပ်ပြီးအဓိပ္ပါယ်ထပ်ချဲ့လို့ ရနိုင်ပါလိမ့်မယ် ။

   ဒီလိုလုပ်ရာမှာ ဦးတည်ချက်တစ်ရပ်ရဲ့ အတွင်းအပြင်မှာ ရှိနေကြတဲ့ အချက်အလက်တွေကို ဖေါ်
ထုတ်ပြီး ၊ ဆက်လုပ်ဖို့ အလားအလာကောင်းမကောင်းကို သုံးသပ်ပြီး ဆုံးဖြတ်ချက်ချဖို့ အထောက်
အကူလမ်းညွှန်မှုတွေအဖြစ် သုံးတာဖြစ်ပါတယ် ။ သတိပြုစရာတစ်ခုကတော့ S.W.O.T နည်းလမ်း
ဟာ စီးပွားရေးတစ်မျိုးထဲမှာသာ အသုံးပြုတာမဟုတ်ပဲ အခြားအဖွဲ့အစည်းအမျိုးအမျိုး ၊ လူမှုရေးသိပ္ပံ
ဘာသာရပ်နဲ့ လူတစ်ဦးစီရဲ့ ဘဝအစိတ်အပိုင်းတွေအတွက် ဆုံးဖြတ်ချက်ချရာတွေမှာလည်း ကျယ်
ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပါပဲ ။

   အသေးစိတ် ပုံပမာနဲ့ပြရရင် -

*  Strength (အားသာချက်)     - ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးကောင်းမှု ၊ လူသိများမှု ၊ ဈေး
                                             ကွက်မှာ အခိုင်အမာ နေရာယူထားနိုင်မှုတွေဟာ အားသာချက်
                                             အဖြစ် မှတ်ယူနိုင်ပါတယ် ။
*  Weakness (အားနည်းချက်) - ကုန်ပစ္စည်းတစ်ခုကို ဘက်စုံအပြည့်အဝ မဖြန့်ဖြူးနိုင်ဘူး ၊ အရောင်း
                                            ဌာနက အလုပ်ရောင်းအားမရှိ ဖြစ်နေတယ်ဆိုရင် ဒါကို အားနည်း
                                            ချက်လို့ သဘောထားနိုင်ပါတယ် ။
*  Opportunity (အခွင့်အလမ်း)- ကုန်ပစ္စည်းတစ်မျိုး ဝင်ရောက်ရောင်းချမှုမလုပ်ရသေးတဲ့ ဈေးကွက်
                                            နဲ့ ကိုယ့်ကုန်ပစ္စည်းကို ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားမှုများတာ
                                            တွေဟာ အခွင့်အလမ်းကို ကိုယ်စားပြုပါတယ် ။
*  Threat (အန္တရယ်)             - တူညီတဲ့ကုန်ပစ္စည်းကို ထုတ်လုပ်ရောင်းချမှု သို့မဟုတ် ထုတ်လုပ်
                                            ရောင်းချသူတွေနဲ့ နည်းပညာအသစ် ၊ ကန့်သတ်မှုဥပဒေအသစ်
                                            တွေဟာ အန္တရယ်အဖြစ် မှတ်ယူနိုင်တာတွေပဲ ဖြစ်ကြပါတယ် ။
 
အပေါ်က သရုပ်ပြအကွက်တွေထဲမှာ အဖွဲ့အစည်းတစ်ရပ်နဲ့ပတ်သက်တဲ့ အချက်တွေကို ဖြည့်
သွင်းရေးထည့်ခြင်းအားဖြင့် ၊ အဖွဲ့အစည်းရဲ့ အနေအထားကို ယှဉ်တွဲ ဆန်းစစ်သုံးသပ်ကြည့်ကြ
လို့ ရပါတယ် ။ အထူးသဖြင့် အားနည်းချက်နဲ့ အန္တရယ်ကို ဘယ်လိုလျော့နည်းအောင် လုပ်မှာလဲ
ဆိုတာနဲ့ အားသာချက်နဲ့ အခွင့်အလမ်းတွေကို ဘယ်လို အမြင့်မားဆုံးအနေအထားရောက်အောင်
အသုံးပြုရမလဲဆိုတာကို ဆက်သုံးသပ်ဆုံးဖြတ် လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ် ။

   အဲဒီ (၄) ချက်ထဲမှာမှ Strength (အားသာချက်) နဲ့ Weakness (အားနည်းချက်) တွေကို အတွင်း
ပိုင်း (အတွင်းစည်း - internal factors) လို့သတ်မှတ်ပြီး ၊ Opportunity (အခွင့်အလမ်း) နဲ့ Threat
(အန္တရယ်) တွေကျတော့ ပြင်ပပိုင်း (အပြင်စည်း - external factors) အကြောင်းအချက် တွေနဲ့ ပို
ဆိုင်တယ်လို့ သတ်မှတ်ထားပြန်ပါတယ် ။ ဥပမာ - (ရာသီဥတု ==> Threat ==> External)
(အတွေ့အကြုံ ==> Strength ==> Internal) စသည်ဖြင့် ခွဲခြားသိမြင်နိုင်ပါတယ် ။

   ဒီဆန်းစစ်ချက်နှစ်ခုလုံးကို စီးပွားရေးလုပ်ငန်းအတွက် ဆုံးဖြတ်ချက်ချရာတွေမှာသုံးတာမှန်ပေမယ့်
S.W.O.T ကတော့ အဆင့်တိုင်း နေရာတိုင်းလိုလိုမှာ သုံးနိုင်တာကြောင့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်
သုံးပြုတယ်လို့ ပြောလို့ရတဲ့အပြင် နောက်တစ်ဆင့်မြှင့်ပြီး strength & opportunity (S/O), weakness
& threat (W/T) ...... စသည်ဖြင့်တွဲပြီး သုံးသပ်မှုတွေလုပ်လို့ ရနိုင်ပါသေးတယ် ။ မိတ်ဆက်အဆင့်
ဖြစ်တဲ့ ဒီနေရာမှာတော့ မဖေါ်ပြတော့ပါဘူး ။

(အတိုချုပ်ကတော့ ~ စီးပွားရေးလုပ်ငန်းတစ်ခုမှာ - အားသာချက်ကို ဖြန့်ဝေမြှင့်တင် ၊ အားနည်းချက်
ကိုလျှော့ချ ၊ အခွင့်အလမ်းကို ရယူ ၊ အန္တရယ်ကို “ပ”ထုတ် ဆိုပြီး ဆောင်ပုဒ်တိုကလေးအဖြစ် နား
လည်ထားလို့ ရမယ်ထင်ပါတယ် ။)

   အဆုံးသတ်အနေနဲ့ ခင်ဗျားကိုယ်တိုင်ရဲ့ လူမှုရေးဆန်းစစ်မှုတစ်ခု လုပ်ကြည့်ရအောင်ဗျာ ။ ဥပမာ
ခင်ဗျားဟာ အသက်ကြီးမှ ကျောင်းပညာပြန်သင်ဖို့ စိတ်ကူးမိတယ် ဆိုကြပါစို့ ။ ခင်ဗျားလိုချင်တဲ့
ပညာရေးပန်းတိုင်ကို ရောက်နိုင် မရောက်နိုင်နဲ့ အခက်အခဲတွေရှိရင် ကျော်လွှားနိုင်ဖို့ ကိုယ်နဲ့ဆိုင်
တဲ့ အချက်တွေကို ချရေးကြည့်ရအောင် ။

* အားသာချက်    - သင်ယူလိုစိတ်ရှိခြင်း ၊ ကျန်းမာရေးကောင်းခြင်း ၊
* အားနည်းချက်   - အပျင်းကြီးခြင်းနှင့် ကလေးငယ်ရှိခြင်း ၊
* အခွင့်အလမ်း    - အားလပ်ချိန်များရှိခြင်း ၊ အခမဲ့ပညာပေးသင်တန်းများနှင့် အဝေးသင်တက္ကသိုလ်
                           များရှိခြင်း ၊
* အန္တရယ်          - “ချွန်တွန်း” လွှတ်တတ်သူများနှင့် ဆူဆူပူပူလုပ်တတ်သောဇနီး အနားတွင်ရှိခြင်း  :-)

   အခြေခံအကျဆုံး ဖြစ်တတ်တာအချို့ကို ရေးချကြည့်လိုက်တာပါ ၊ ကိုယ့်နဲ့ မဆိုင်ဘူးလို့ထင်တာ
ကို ချန်ထားလို့ရပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ဘဝနောက်ခံ ၊ အလုပ်အကိုင် အ
နေအထားနဲ့ စိတ်ထားတွေကြောင့် ၊ ကိုယ့်ဝမ်းနာကိုယ်သာသိသမို့ ၊ ကိုယ့်ဖာသာဆက်ပြီး ရေးဖြည့်
ကြည့်ကြပါ ။ ဒီလောက်ဆို S.W.O.T နဲ့ P.E.S.T တွေနဲ့ပတ်သက်ပြီး အခြေခံလောက် မြင်မိလာကြ
မယ်လို့ ယုံကြည်ပါတယ် ။

Author:

«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment

 
Template Design by BTDesigner • Powered by Blogger