Tuesday, November 19, 2013

ထိုင်းဘုရင် မင်းမြတ် မကျန်းမမာ ဖြစ်နေစဉ် Monday, 18 November 2013

Share On Facebook ! Tweet This ! Share On Google Plus ! Pin It ! Share On Tumblr ! Share On Reddit ! Share On Linkedin ! Share On StumbleUpon !
Monday, 18 November 2013

ထိုင်းဘုရင် မင်းမြတ် မကျန်းမမာ ဖြစ်နေစဉ် အိမ်မက်တွင် မွန်ပြည်နယ် ၀င်းစိန် ဆရာတော်ကြီး မှ ကြွချီ ဆေးကုသ ပေးရာ ရောဂါ ပျောက်ကင်း သဖြင့် ဆရာတော် ကြီးအား ကထိန် သင်္ကန်းနှင့် ဘတ်ငွေများ လာရောက် လှူဒါန်း

 

 မွန်ပြည်နယ် မုဒုံမြို့ ဝင်းစိန် တောရကျောင်း၌ သီတင်းသုံးနေသည့် ဝင်းစိန် ဆရာတော်ကြီးမှ ထိုင်းဘုရင် မင်းမြတ်အား ကြွရောက် ဆေးကုသ
ပေးခဲ့သည်ကို အိပ်မက် မြင်မက်၍ ထိုင်းဘုရင်၏ ရောဂါများ ပျောက်ကင်း ကျန်းမာ ရွှင်လန်းခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက ဝင်းစိန် ဆရာတော်ကြီးနှင့် ပင့်သံဃာအပါး ၁၆ဝအား ကထိန် သင်္ကန်း တစ်စုံစီနှင့် ရဟန်း၊ ကိုရင်၊ သီလရှင်၊ ယောဂီအပါး ၁ဝဝဝ အတွက် ဆွမ်းဒါနနှင့် လူပုဂ္ဂိုလ်များအား စတုဒိသာများ ကျွေးမွေး ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ကိုယ်စားလှယ် အဖွဲ့များသည် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်က လေကြောင်းလိုင်းဖြင့် လည်းကောင်း၊ မြဝတီဘက်မှ
မော်တော်ယာဉ်များ ဖြင့်လည်းကောင်း ရောက်ရှိခဲ့သည်။ အဆိုပါပွဲသို့ ထိုင်းနိုင် ငံသား ၂ဝဝ ကျော်နှင့် မွန်ပြည်နယ်အတွင်း ရှိ ပြည်သူ ၃ဝဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဝင်းစိန်ဆရာ တော်ကြီးအား ကထိန်သင်္ကန်းကပ် လှူပူဇော်ခဲ့သည့် အပြင် ထိုင်းဘုရင်၏ နန်းသုံးပစ္စည်းများ၊ ဘုရား ဌာပနာသည့် ကျောက်မျက်ရတနာ များနှင့် နန်းတွင်းသုံး ပစ္စည်းအမျိုး ၅ဝ၊ ဘတ်ငွေ ၂၅ သိန်း၊ ပင့်သံဃာ အပါး ၁၆ဝအား ဘတ်ငွေ ၂ဝဝ နှင့် သင်္ကန်း တစ်စုံစီကို လှူဒါန်းခဲ့ကြောင်း သိရသည်။

Author:

«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment

 
Template Design by BTDesigner • Powered by Blogger