Enter Slide 1 Title Here
This is slide 1 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.
Enter Slide 2 Title Here
This is slide 2 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.
Enter Slide 3 Title Here
This is slide 3 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.
Latest
Friday, July 3, 2015
Thursday, November 21, 2013
တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ၊
အခြေခံပညာရေး အဆင့်ကနေ အဆင့်မြင့်ပညာရေးကို ကူးပြောင်းရာမှာ
သိသင့်၊ တတ်သင့်တဲ့ နည်းလမ်းတွေကို သင်ရိုးညွှန်းတန်းအဖြစ် သတ်မှတ်
သင်ပေးနေတာလေးတွေတချို့ထဲက လက်ဆင့်ကမ်းလိုပါတယ်။ အင်္ဂလိပ်လို
သင်ကြားတဲ့ ကျောင်းသင်တန်းများကနေ စုဆောင်းထားတာ ဖြစ်ပါတယ်။
အဆင့်မြင့်ပညာအတွက် အင်္ဂလိပ်စာ သင်ယူရာမှာ အရေး၊ အဖတ်၊ အပြောနဲ့
အကြားကဏ္ဍတွေလိုပါတယ်။ အားလုံးကိုခြုံငုံမိမယ့် နည်းတွေစုလိုက်ရင် -
- Skim & Scan
- Speed Copying
- Metacognitive Approaches to Reading & Note taking
- S.W.O.T Analysis (Strength, Wekness, Opportunity & Threat)
- D.I.E.P (Describe, Interpret, Evaluate & Plan)
- S.Q.3R (Skim, Question & Read / Rewrite / Review)
- Mind Mapping
- Referencing & Plagiarism
- Oral Presentation
- Studying with others
- Critical Thinking
- Research
တို့တွေပဲ ဖြစ်ကြပါတယ်။ အတော်များများဟာ ဆက်စပ်နေကြပြီး စူးစိုက်မှု
ကဏ္ဍမှာသာ ကွာခြားပါလိမ့်မယ်။ သတိပြုစရာတစ်ခုက ဒီခေါင်းစဉ်ကလေး
တွေဟာ တစ်နှစ်တာ စာသင်နှစ်အတွင်း ဆရာ၊ ဆရာမတွေရဲ့ လမ်းညွှန်
သင်ပြမှု၊ လက်တွေ့လုပ်ကိုင်ရတာတွေနဲ့ တွဲသင်ရတာမျိုးတွေဖြစ်လို့ ဒီစာ
တစ်မျက်နှာထဲနဲ့ အကျယ်ရှင်းဖို့မလွယ်လှပါဘူး။
အခက်အခဲအများနိုင်ဆုံး အရေးအသားပိုင်းမှာဆိုရင် -
- Essay
* compare & contrast essay
* argumentative essay
* cause & effect essay
* reflective journal writing
* report writing / process essay
* canvass letter
- topic / topic sentence
- abstract
- summary
- pharaphrasing
- quotation တွေကိုလည်းလေ့လာဖို့ လိုပါမယ်။

S.W.O.T လုပ်မလား ၊ P.E.S.T လုပ်မလား

S.W.O.T နဲ့ P.E.S.T ဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရာမှာ အင်မတန်အသုံးဝင်တဲ့ ကရိယာ
တွေလို့ ခေါ်ဆိုနိုင်ပါတယ် ။ ဒါပေမဲ့ ကိုယ့်ဖာသာကိုယ် လုပ်ကိုင်လေ့လာ အောင်မြင်မှုရှိလာတဲ့ စီးပွား
ရေးသမားတွေအတွက်တော့ အကျုံးမဝင်ဘူးလို့ ထင်ချင်စရာ ရှိနိုင်ပါတယ် ။ အမှန်ကတော့ သူတို့
တွေလည်း သုံးတာပါပဲ ။ စနစ်တကျလေ့လာလို့ရအောင် ပညာရှင်အချို့က နာမည်တပ်ပြီး စုစည်း
ပေးလိုက်လို့ “သင်ညာ” ရှာဖွေသူတွေအတွက် အသုံးချစရာ ကရိယာတွေရယ်လို့ သတ်သတ်မှတ်
ယေဘုယျပြောရင်တော့ P.E.S.T ဟာ ထုထည်ကြီးကြီးမားမားဖြစ်တဲ့ကိစ္စရပ်မျိုးတွေ - ဥပမာ ဒေ
သတစ်ခုရဲ့ ဈေးကွက်တစ်ခုကို ထိုးဖေါက်ရာမှာ တိုင်းတာသုံးသပ်ဖို့ရာ အသုံးပြုရတတ်ပါတယ် ။
S.W.O.T ကျပြန်တော့ နေရာတိုင်းလိုလိုမှာ ဆုံးဖြတ်ချက်ချဖို့ရာ အသုံးချလို့ရနိုင်ပြီး ဥပမာ - စီး
ပွားရေးလုပ်ငန်း အစိတ်အပိုင်းတစ်ခု ၊ အဆိုပြုချက် စိတ်ကူးစိတ်သန်းတစ်ခုကို တိုင်းတာသုံးသပ်
ရာမှာ သုံးနိုင်ပါတယ် ။
ပထမ P.E.S.T ကို မွှေကြည့်ရအောင် ။
ဒီသုံးသပ်ဆန်းစစ်မှုလုပ်ငန်းစဉ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ဦး
တည်ချက်နဲ့ မူဝါဒတွေအပေါ် သက်ဆိုင်ရာနေရာဒေသရဲ့ သက်ရောက်မှုတွေကို ပထမ စုစည်းဖေါ်
ထုတ်ပါတယ် ။ ပြီးတော့ အားသာချက် အားနည်းချက်တွေကို ချိန်ထိုးပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ဆုံးဖြတ်
ချက်တွေ ချမှတ်နိုင်ဖို့ရာမှာ အသုံးပြုတယ်လို့ ဆိုနိုင်ပါတယ် ။
ဒီနည်းမှာ သံတူကြောင်းကွဲတွေ ရှိနေပေမယ့် အသုံးများမယ့် ပုံစံတစ်ခုကိုပဲ ရွေးထုတ်ထားပါတယ် ။
အဲဒါကတော့ P.E.S.T.L.E analysis ပါပဲ ။ စပြောတုန်းကတော့ (၄) လုံးထဲပါပေမဲ့ ၊ ခုတော့ “L” နဲ့
“E” နှစ်လုံး ပိုလာပါတယ် ။ အမှန်တော့ အရင်က “၄” လုံးပဲရှိခဲ့ပေမယ့် ၊ ခေတ်တွေပြောင်းလာလို့ ပို
ကျယ်ပြန့်လာတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ကျင့်ဝတ် ၊ နိုင်ငံတကာ သဘောတူညီချက်နဲ့
ဥပဒေ စတာတွေကြောင့် နောက်က စာနှစ်လုံးထပ်တိုးလာခဲ့တာ ဖြစ်ပါတယ် ။
ပုံပမာပြရရင်တော့ အောက်ကအတိုင်းပါပဲ ။ တဆက်ထဲမှာပဲ သက်ဆိုင်တဲ့ အကြောင်းအချက်လေး
တချို့ကိုလည်း စာရင်းအကျဉ်း ထည့်ပေးထားပါတယ် ။

မူဝါဒတွေ ၊
* Economy (စီးပွားရေး)- ဘဏ်တိုးနှုန်း ၊ ငွေဖောင်းပွမှုနှုန်း ၊ အလုပ်လက်မဲ့ အခြေအနေ ၊ ဝင်ငွေ ၊ စီး
ပွားရေးစက်ဝန်း ၊ ကြွေးမြီပမာဏနဲ့ စီးပွားရေးမူဝါဒတွေ ၊
* Social (လူမှုရေး) - ဒေသတွင်း လူဦးရေအနေအထား ၊ လူနေမှုစနစ် ၊ ပညာရေး ၊ လူမှုရေး သ
ဘောသဘာဝနဲ့ ဦးတည်ရာ ၊ ဝင်ငွေအချိုးအစား ၊
* Technology (စက်မှုနည်းပညာ) - နည်းပညာအသစ် ရှာဖွေတီထွင်မှု ၊ တွေ့ရှိမှုနှင့်လွဲပြောင်းပေးမှု ၊
ကုန်ပစ္စည်းသစ် ဖွံ့ဖြိုးထုတ်လုပ်မှု ၊ မူပိုင်ခွင့် ၊ စက်မှုနည်းပညာများ ရရှိသုံးစွဲ
နိုင်တဲ့ အခွင့်အလမ်းတွေ ၊
* Legal (ဥပဒေ) - လုပ်ငန်းခွင်ဆိုင်ရာ ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ၊ အဖွဲ့အစည်းဆိုင်ရာ ၊ ကျန်း
မာရေးဆိုင်ရာ ၊ လူမှုဆက်ဆံရေးဆိုင်ရာနဲ့ အခြားသော အာမခံ အကာအ
ကွယ်ပေးမှုဆိုင်ရာ ဥပဒေတွေ ၊
* Environment (သဘာဝပတ်ဝန်းကျင်) – သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု ၊ စွမ်း
အင်သုံးစွဲမှု ၊ ရာသီဥတုပြောင်းလဲမှု ၊ ဓါတ်သတ္တုအညစ်အကြေးတွေနဲ့ ပတ်
သက်တဲ့ ကန့်သတ်ကိုင်တွယ်မှု ၊ နည်းပညာ လုပ်ကိုင်ပုံစနစ်နဲ့ပတ်သက်တဲ့
ဥပဒေတွေ - စတာတို့ ဖြစ်ပါတယ် ။
သုံးသပ်မှုလုပ်ချင်တဲ့ အလုပ်တစ်ခုအတွက် (ဥပမာ - မြန်မာပြည်ကို အိတ်ဆောင် ကွန်ပြူတာတစ်
မျိုး တင်သွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက် ဆိုပါစို့ ) အချက်အလက်တွေရှာ ၊ သက်ဆိုင်ရာအကွက်တွေမှာ
ဖြည့်သွင်းရပါမယ် ။
အဲဒီအချက်တွေအပေါ်မူတည်ပြီးတော့မှ ဒေသအဆင့် ၊ နိုင်ငံတွင်းအဆင့်နဲ့ နိုင်ငံတကာအဆင့်တွေ
မှာ သုံးသပ်မှုလုပ်ချင်တဲ့ စီးပွားရေးအဖွဲ့အစည်းရဲ့ အနေအထားကို အားသာချက်နဲ့ အားနည်းချက်တွေ
ယှဉ်ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်ချက်တွေချနိုင်ဖို့ရာ ညွှန်းဆိုချက်လေးတွေ ရလာမှာဖြစ်ပါတယ် ။ ဒေ
သတစ်ခု ၊ နိုင်ငံတစ်ခုကိုဝင်ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တွေလုပ်တဲ့အခါမျိုးမှာ အံဝင်မဝင် သုံးသပ်ဖို့
အလွန်အသုံးဝင်တဲ့ ကရိယာစနစ်တစ်ခု ဖြစ်ပါတယ် ။
ဆက်ပြီးတော့ S.W.O.T ဆိုတာကို ကြည့်ရအောင် ။
“လုပ်ငန်းတစ်ခု ၊ စီမံကိန်းတစ်ခု စတာတွေမှာ ရှိနေတဲ့ အားသာချက် ၊ အားနည်းချက် ၊ အခွင့်အ
လမ်းနဲ့ အန္တရာယ်တွေကို တန်ဖိုးဖြတ်ဖို့အသုံးပြုတဲ့ မဟာဗျူဟာကျ စီမံမှုနည်းလမ်းတစ်မျိုး ” လို့ အ
ကြမ်းဖြင်း ထပ်ပြီးအဓိပ္ပါယ်ထပ်ချဲ့လို့ ရနိုင်ပါလိမ့်မယ် ။
ဒီလိုလုပ်ရာမှာ ဦးတည်ချက်တစ်ရပ်ရဲ့ အတွင်းအပြင်မှာ ရှိနေကြတဲ့ အချက်အလက်တွေကို ဖေါ်
ထုတ်ပြီး ၊ ဆက်လုပ်ဖို့ အလားအလာကောင်းမကောင်းကို သုံးသပ်ပြီး ဆုံးဖြတ်ချက်ချဖို့ အထောက်
အကူလမ်းညွှန်မှုတွေအဖြစ် သုံးတာဖြစ်ပါတယ် ။ သတိပြုစရာတစ်ခုကတော့ S.W.O.T နည်းလမ်း
ဟာ စီးပွားရေးတစ်မျိုးထဲမှာသာ အသုံးပြုတာမဟုတ်ပဲ အခြားအဖွဲ့အစည်းအမျိုးအမျိုး ၊ လူမှုရေးသိပ္ပံ
ဘာသာရပ်နဲ့ လူတစ်ဦးစီရဲ့ ဘဝအစိတ်အပိုင်းတွေအတွက် ဆုံးဖြတ်ချက်ချရာတွေမှာလည်း ကျယ်
ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပါပဲ ။
အသေးစိတ် ပုံပမာနဲ့ပြရရင် -
* Strength (အားသာချက်) - ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးကောင်းမှု ၊ လူသိများမှု ၊ ဈေး
ကွက်မှာ အခိုင်အမာ နေရာယူထားနိုင်မှုတွေဟာ အားသာချက်
အဖြစ် မှတ်ယူနိုင်ပါတယ် ။
* Weakness (အားနည်းချက်) - ကုန်ပစ္စည်းတစ်ခုကို ဘက်စုံအပြည့်အဝ မဖြန့်ဖြူးနိုင်ဘူး ၊ အရောင်း
ဌာနက အလုပ်ရောင်းအားမရှိ ဖြစ်နေတယ်ဆိုရင် ဒါကို အားနည်း
ချက်လို့ သဘောထားနိုင်ပါတယ် ။
* Opportunity (အခွင့်အလမ်း)- ကုန်ပစ္စည်းတစ်မျိုး ဝင်ရောက်ရောင်းချမှုမလုပ်ရသေးတဲ့ ဈေးကွက်
နဲ့ ကိုယ့်ကုန်ပစ္စည်းကို ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားမှုများတာ
တွေဟာ အခွင့်အလမ်းကို ကိုယ်စားပြုပါတယ် ။
* Threat (အန္တရယ်) - တူညီတဲ့ကုန်ပစ္စည်းကို ထုတ်လုပ်ရောင်းချမှု သို့မဟုတ် ထုတ်လုပ်
ရောင်းချသူတွေနဲ့ နည်းပညာအသစ် ၊ ကန့်သတ်မှုဥပဒေအသစ်
တွေဟာ အန္တရယ်အဖြစ် မှတ်ယူနိုင်တာတွေပဲ ဖြစ်ကြပါတယ် ။

အပေါ်က သရုပ်ပြအကွက်တွေထဲမှာ အဖွဲ့အစည်းတစ်ရပ်နဲ့ပတ်သက်တဲ့ အချက်တွေကို ဖြည့်
သွင်းရေးထည့်ခြင်းအားဖြင့် ၊ အဖွဲ့အစည်းရဲ့ အနေအထားကို ယှဉ်တွဲ ဆန်းစစ်သုံးသပ်ကြည့်ကြ
လို့ ရပါတယ် ။ အထူးသဖြင့် အားနည်းချက်နဲ့ အန္တရယ်ကို ဘယ်လိုလျော့နည်းအောင် လုပ်မှာလဲ
ဆိုတာနဲ့ အားသာချက်နဲ့ အခွင့်အလမ်းတွေကို ဘယ်လို အမြင့်မားဆုံးအနေအထားရောက်အောင်
အသုံးပြုရမလဲဆိုတာကို ဆက်သုံးသပ်ဆုံးဖြတ် လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ် ။
အဲဒီ (၄) ချက်ထဲမှာမှ Strength (အားသာချက်) နဲ့ Weakness (အားနည်းချက်) တွေကို အတွင်း
ပိုင်း (အတွင်းစည်း - internal factors) လို့သတ်မှတ်ပြီး ၊ Opportunity (အခွင့်အလမ်း) နဲ့ Threat
(အန္တရယ်) တွေကျတော့ ပြင်ပပိုင်း (အပြင်စည်း - external factors) အကြောင်းအချက် တွေနဲ့ ပို
ဆိုင်တယ်လို့ သတ်မှတ်ထားပြန်ပါတယ် ။ ဥပမာ - (ရာသီဥတု ==> Threat ==> External)
(အတွေ့အကြုံ ==> Strength ==> Internal) စသည်ဖြင့် ခွဲခြားသိမြင်နိုင်ပါတယ် ။
ဒီဆန်းစစ်ချက်နှစ်ခုလုံးကို စီးပွားရေးလုပ်ငန်းအတွက် ဆုံးဖြတ်ချက်ချရာတွေမှာသုံးတာမှန်ပေမယ့်
S.W.O.T ကတော့ အဆင့်တိုင်း နေရာတိုင်းလိုလိုမှာ သုံးနိုင်တာကြောင့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အ
သုံးပြုတယ်လို့ ပြောလို့ရတဲ့အပြင် နောက်တစ်ဆင့်မြှင့်ပြီး strength & opportunity (S/O), weakness
& threat (W/T) ...... စသည်ဖြင့်တွဲပြီး သုံးသပ်မှုတွေလုပ်လို့ ရနိုင်ပါသေးတယ် ။ မိတ်ဆက်အဆင့်
ဖြစ်တဲ့ ဒီနေရာမှာတော့ မဖေါ်ပြတော့ပါဘူး ။
(အတိုချုပ်ကတော့ ~ စီးပွားရေးလုပ်ငန်းတစ်ခုမှာ - အားသာချက်ကို ဖြန့်ဝေမြှင့်တင် ၊ အားနည်းချက်
ကိုလျှော့ချ ၊ အခွင့်အလမ်းကို ရယူ ၊ အန္တရယ်ကို “ပ”ထုတ် ဆိုပြီး ဆောင်ပုဒ်တိုကလေးအဖြစ် နား
လည်ထားလို့ ရမယ်ထင်ပါတယ် ။)
အဆုံးသတ်အနေနဲ့ ခင်ဗျားကိုယ်တိုင်ရဲ့ လူမှုရေးဆန်းစစ်မှုတစ်ခု လုပ်ကြည့်ရအောင်ဗျာ ။ ဥပမာ
ခင်ဗျားဟာ အသက်ကြီးမှ ကျောင်းပညာပြန်သင်ဖို့ စိတ်ကူးမိတယ် ဆိုကြပါစို့ ။ ခင်ဗျားလိုချင်တဲ့
ပညာရေးပန်းတိုင်ကို ရောက်နိုင် မရောက်နိုင်နဲ့ အခက်အခဲတွေရှိရင် ကျော်လွှားနိုင်ဖို့ ကိုယ်နဲ့ဆိုင်
တဲ့ အချက်တွေကို ချရေးကြည့်ရအောင် ။
* အားသာချက် - သင်ယူလိုစိတ်ရှိခြင်း ၊ ကျန်းမာရေးကောင်းခြင်း ၊
* အားနည်းချက် - အပျင်းကြီးခြင်းနှင့် ကလေးငယ်ရှိခြင်း ၊
* အခွင့်အလမ်း - အားလပ်ချိန်များရှိခြင်း ၊ အခမဲ့ပညာပေးသင်တန်းများနှင့် အဝေးသင်တက္ကသိုလ်
များရှိခြင်း ၊
* အန္တရယ် - “ချွန်တွန်း” လွှတ်တတ်သူများနှင့် ဆူဆူပူပူလုပ်တတ်သောဇနီး အနားတွင်ရှိခြင်း :-)
အခြေခံအကျဆုံး ဖြစ်တတ်တာအချို့ကို ရေးချကြည့်လိုက်တာပါ ၊ ကိုယ့်နဲ့ မဆိုင်ဘူးလို့ထင်တာ
ကို ချန်ထားလို့ရပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ဘဝနောက်ခံ ၊ အလုပ်အကိုင် အ
နေအထားနဲ့ စိတ်ထားတွေကြောင့် ၊ ကိုယ့်ဝမ်းနာကိုယ်သာသိသမို့ ၊ ကိုယ့်ဖာသာဆက်ပြီး ရေးဖြည့်
ကြည့်ကြပါ ။ ဒီလောက်ဆို S.W.O.T နဲ့ P.E.S.T တွေနဲ့ပတ်သက်ပြီး အခြေခံလောက် မြင်မိလာကြ
မယ်လို့ ယုံကြည်ပါတယ် ။
Cultural Shock
ကမ္ဘာပေါ်မှာ တိုက်ကြီး၊ နိုင်ငံ၊ ဒေသ၊ လူမျိုး၊ ဘာသာတွေ ကွဲပြားတဲ့အလျောက်
ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ လူနေမှုစနစ်တွေ တနေရာနဲ့ တနေရာ မတူကွဲပြား
ကြပါတယ်။ ရေငံငါးက ရေချိုကူးကြသလို လူတွေလည်း မူရင်းဒေသကနေ နေရာ
သစ်တစ်ခု ရောက်သွားတဲ့အခါ ကျင့်သားမရပဲ စနိုးစနောင့် အဆင့်ကနေပြီး ပြင်း
ပြင်းထန်ထန် စိတ်မတည်ညိမ်မှုမျိုးတွေ ခံစားရတတ်ပြီး အချို့လူတွေမှာ ဘဝပျက်
ကြရတဲ့အထိ ဖြစ်တတ်ကြပါတယ်။ ဒီလို (ယဉ်ကျေးမှု) အပြောင်းအလဲကာလ
တစ်ခု ကြုံတွေ့ရတာမျိုးကို Cultural Shock (ယဉ်ကျေးမှုဆိုင်ရာ အံ့သြ
ထိတ်လန့်မှု) လို့ ခေါ်ပါတယ်။
ဒီကနေ့ မြန်မာပြည်တွင်းကနေ အစုလိုက်အပြုံလိုက် နိုင်ငံရပ်ခြားကို ထွက်ခွာ
အလုပ်လုပ်နေကြပြီး နယ်စပ်ခိုလှုံရာစခန်း (Refugee Camp) တွေကနေလည်း
အစုလိုက် တတိယနိုင်ငံတွေကို ပြောင်းရွှေ့အခြေချနေကြပါတယ်။
ဒီလိုသွားနေကြရာမှာ မြန်မာပြည်သားအများစုဟာ မြို့ကြီးပြကြီးများက မဟုတ်ကြ
သလို နိုင်ငံရပ်ခြားအတွေ့အကြုံဆိုလို့ ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးသူတွေများပါတယ်။
ဒီတော့ Cultural Shock ကိုမဖြစ်မနေ ကြုံတွေ့ကြရမှာ သတိရှိပြီး သင့်တော်
အောင် ရင်ဆိုင်နိုင်ကြဖို့နဲ့ အချင်းချင်းဖေးမကူညီနိုင်ကြဖို့ တင်ပြချင်တာဟာ ဒီပို့စ်
ရဲ့ လိုရင်းဦးတည်ချက်ပါ။
Cultural Shock နဲ့ တွေ့ကြုံရင်ဆိုင်ရာမှာ တစ်ယောက်နဲ့တစ်ယောက် အတွေ့
အကြုံချင်းမတူနိုင်ပေမယ့် အများလက်ခံထားကြတဲ့ အချက်တွေနဲ့ အဆင့်တွေရှိ
ပါတယ်။
(၁) မသွားမှီအချိန်လေးမှာ - မျှော်လင့်ခြင်း၊ ပြင်ဆင်ခြင်း၊ အစီအစဉ်ဆွဲခြင်း၊ ထုပ်
ပိုးခြင်း၊ နှုတ်ဆက်ပွဲလုပ်ခြင်း၊ အကောင်းမြင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မသိသေးတဲ့
အနာဂါတ်အတွက် စိုးထိတ်ခြင်း၊ ကျန်ရစ်ခဲ့မည့်သူများအတွက် စိတ်ပူခြင်း၊ စိတ်
ဓါတ်ကျခြင်း၊ ပုံမှန်အလုပ်များကို စိတ်မဝင်စားခြင်း၊ မိမိကိုယ်ကိုဆန်းစစ်ခြင်းတွေ
ဖြတ်သန်းရပြီး ကျန်းမာရေးမှာတော့ စိတ်မောတာကလွဲရင် ကောင်းတတ်ကြပါ
တယ်။
(၂) ရောက်စအချိန်လေးမှာ - ကြိုဆိုမှုတွေနဲ့ တွေ့ကြုံရပြီး ရင်သပ်ရှူမောခြင်း၊
စိတ်လှုပ်ရှားပျော်ရွှင်ခြင်း၊ သိလိုစိတ် ထက်သန်ခြင်း၊ အရာရာကို အကောင်းမြင်ပြီး
ရန်လိုမှုများ၊ ကတောက်ကဆဖြစ်မှုများကို ရှောင်ရှားခြင်းတွေရှိတတ်ပြီး ကျန်းမာ
ရေးအရ ဝမ်းမမှန်မှုများ၊ အိပ်မပျော်ခြင်းများ ဖြစ်တတ်ပါတယ်။ တစ်လထက် ပို
ကြာတတ်ပါတယ်။
(၃) ရောက်ပြီးများမကြာခင်မှာ - ဘာသာစကား၊ မိတ်ဆွေအပေါင်းသင်း၊ အိမ်ယာ၊
ကျောင်း နဲ့ အလုပ်သစ်တွေထဲ လက်တွေ့ကြုံဆုံ ဆက်ဆံလာရတဲ့အခါ မရင်းနှီးမှု
အခက်အခဲတွေ စကြုံလာရပြီး စိတ်ရှုပ်ထွေးခြင်း၊ ရောက်ရာဒေသ ပတ်ဝန်းကျင်မှ
အရာရာကို မနှစ်သက်တော့ခြင်း၊ စိတ်မရှည်ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊
ငြီးငွေ့ခြင်း၊ အိမ်လွမ်းနာကျခြင်း၊ အလွန်အကျွံအိပ်ခြင်း၊ ငေးနေတတ်ခြင်း၊ သီး
သန့်နေတတ်ခြင်း၊ မလုံခြုံဟု ခံစားမိခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းများနဲ့ အိမ်
လွမ်းနာကျတတ်ပြီး ရှင်းမပြတတ်တဲ့ ငိုယိုမှုမျိုးတွေလည်း လုပ်မိတတ်ကြပါတယ်။
ကျန်းမာရေးအနေနဲ့ မကြာခဏဖျားနာကာ ရောဂါဟောင်းတွေလည်း ပြန်ပေါ်
တတ်ပါတယ်။ ဆုတ်ယုတ်မှုကာလလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီအဆင့်ဟာ လအနည်း
ငယ်ကနေ နှစ်ပေါက်တဲ့အထိ ကျား၊ မနဲ့ ပင်ကိုယ်စိတ်တွေအပေါ်မူတည်ပြီး
အလျော့အတင်းရှိနိုင်ပါတယ်။ သတိအထားရဆုံး အဆင့်ဖြစ်လို့ အချို့က ဒီအဆင့်
ကို အဆင့်ငယ် ၃ ဆင့်လောက်အထိ ထပ်မံခွဲခြား ထားတတ်ကြပါတယ်။
(၄) လအတန်ကြာလာတဲ့အခါ - ညှိနှိုင်းချိန်ညှိမှုကာလလို့ ခေါ်ဆိုနိုင်တဲ့ အနေ
အထားအဆင့်ဆီကို ရောက်လာတတ်ကြပါတယ်။ ရှေ့ကကြုံတွေ့ခဲ့တာတွေ၊
ခံစားမှုတွေဟာ အရင်လောက်မပြင်းထန်တော့ပဲ ပတ်ဝန်းကျင်ကို စိတ်ပြန်ဝင်စား
လက်ခံလာနိုင်ပါတယ်။ အထီးကျန်မှုမျိုး သိပ်မခံစားရတော့ပဲ ကျောင်းနဲ့ အလုပ်
တွေမှာ အခြေနေပြန်တိုးတက်လာတတ်ပါတယ်။ ကျန်းမာရေး ပုံမှန်ပြန်ဖြစ်လာ
ပါမယ်။
(၅) အဆုံးမှာတော့ သာမန်ဘဝမျိုးပြန်ရလာပြီး အရာအားလုံးနီးပါး ပုံမှန်လိုခံစား
နေထိုင်နိုင်လာတဲ့ အဆင့်ဖြစ်လာပါတယ်။ အချို့သော ဒေသခံယဉ်ကျေးမှုနဲ့
ဓလေ့တွေကို စတင်ပြီး အစားထိုးကြိုက်နှစ်သက်လာတတ်ပါတယ်။
ဒီလိုအဆင့်တွေ ကူးပြောင်းရာမှာ ရှင်းလင်းလွယ်ကူသယောင်ထင်ရပေမယ့် အချို့
အတွက်မှာတော့ မျှော်မှန်းလို့မရနိုင်တဲ့ သက်ရောက်မှုတွေရှိတတ်တာမို့ ပြင်ဆင်
မှုတွေ အနေနဲ့ -
- လူမှုရေး လုပ်ဆောင်မှုများ - ကို ကျောင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အခြေနေပေး
သလို တက်တက်ကြွကြွပါဝင်ခြင်းဟာ အာရုံကိုလွဲပြောင်းစေနိုင်ပါတယ်။
- ဒေသခံ မိတ်ဆွေထားရှိမှု - ဟာလည်း အထောက်အကူပြုတာမို့ ရနိုင်ရင်
ကောင်းပါတယ်။
- အကူညီပေးသည့် ဝန်ဆောင်မှုများ - ရရှိနိုင်သော ကျောင်း၊ ဒေသဆိုင်ရာ အဖွဲ့
အစည်းများကို အကူညီတောင်းခံနိုင်ပါတယ်။
- ကျန်းမာရေးလေ့ကျင့်ခန်းများ - ကို အလျဉ်းသင့်သလို လုပ်ပေးခြင်းကလည်း
အကူအညီ တဖက်တလမ်းက ပေးပါလိမ့်မယ်။
- ဘဝတူများ အတူတွေ့ဆုံ ပေါင်းဖေါ်ခြင်း - ဟာလည်း စိတ်ကို ပြေလျော့စေပါ
တယ်။
- ဆွေမျိုး၊ မိသားစုများနှင့် အဆက်အသွယ် မပြတ်ခြင်း - ဖြင့် သက်သာစေနိုင်ပါ
တယ်။
- စိတ်ရှည် ဖြေလျော့ထားခြင်း - စတာတွေဟာ Cultural Shock ရဲ့ ဆိုးကျိုးတွေကို
အတိုင်းအတာတခုအထိ မဆိုးရွားရလေအောင် သတိထားဖြည့်ဆည်းပေးလို့ရတဲ့
အချက်တွေဖြစ်ကြပါတယ်။
မြို့ကြီးပြကြီးကနေ နိုင်ငံရပ်ခြား ပညာသွားရောက်သင်ယူသူတွေအတွက် ပြဿနာ
နည်းပါးတတ်ပေမယ့် အထူးသဖြင့် တောအရပ်ကနေ ခိုလှုံရာစခန်း၊ အဲဒီကနေ
တဆင့် တတိယနိုင်ငံ ရောက်သူတွေနဲ့ ရှိသမျှကို ထုခွဲစွန့်လွတ်ပြီး အိမ်နီးချင်းနိုင်ငံ
တွေကို စွန့်စားသွားရောက် အလုပ်လုပ်ကိုင်နေကြသူများအတွက်တော့ ကြိုတင်
သိမြင်နားလည်ပြီး အချင်းချင်း ဝိုင်းဝန်းဖေးမနိုင်ကြဖို့အတွက် သတိပေးရေးလိုက်
ရပါတယ်။

International Trade – Certificate IV မိတ်ဆက်

အခုတင်ပြမှာကတော့ သြစတြေးလျနိုင်ငံ Swinburne တက္ကသိုလ်က စီစဉ်သင်ကြားတဲ့
International Trade – Certificate IV သင်တန်းပဲဖြစ်ပါတယ် ။ Inernational Business
Diploma ရဲ့ ပထမအစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ၊ သင်တန်းကာလ ၆ လ ကြာမြင့်ပါတယ် ။ ဒုတိ
ယ ၆ လမှာတော့ ဒီပလိုမာ အစိတ်အပိုင်းဖြစ်ပြီး ဒီသင်တန်းဟာ အမြန် (fast track) သင်္ခန်းစာ
အဖြစ် ၁ နှစ်စာ အတိုချုံးထားတာ ဖြစ်ပါတယ် ။ RMIT နဲ့ Victoria University တို့လို တက္က
သိုလ်မျိုးတွေမှာတော့ ၁ နှစ်ခွဲကြာ တက်ရောက်သင်ကြားရမှာ ဖြစ်ပါတယ် ။ အဲဒီကတစ်ခါ
နောက်ထပ် လေ့လာသင်ကြားချိန် ၆ လ ထပ်ပေါင်းပြီး Advance Diploma of International
Business ကို အပြီးသတ်တက်ရောက်လို့လည်း ရပါသေးတယ် ။

ဒီသင်တန်းကို ပြီးစီးတဲ့အခါမှာ ၊ Swinburne တက္ကသိုလ် ပင်မစီးပွားရေးဘွဲ့သင်တန်းဖက်
ကူးပြောင်းမယ်ဆိုရင်တော့ တက်ရောက်မယ့် ဘာသာရပ်ခွဲတွေအပေါ်မူတည်ပြီး ဒီပလိုမာပြီးစီး
သူတွေအတွက် ၁ နှစ်နဲ့ အဆင့်မြင့်ဒီပလိုမာ ပြီးစီးသူတွေအတွက် ၁ နှစ်ခွဲအထိ ကင်းလွတ်ခွင့်
(exemption) ရနိုင်ပြီး တက္ကသိုလ်မှ ဘွဲ့ရဖို့အတွက် နောက်ထပ် ၃ နှစ် အပြည့်တက်စရာ မလို
တော့ပဲ ၊ ၁ နှစ်ခွဲ ၂ နှစ်လောက်နဲ့ ကျောင်းပြီးနိုင်ပါတယ် ။ ဒီသင်တန်းရဲ့ အားသာချက်တစ်ခု
ကတော့ TAFE (Technical and Further Education) လို့ခေါ် တဲ့ အသက်မွေးဝမ်းကျောင်း
သင်တန်းတစ်ခု ဖြစ်တာကြောင့် လေ့လာသင်ကြားမှုတွေမှာ တက္ကသိုလ်တွေလို မဟုတ်ပဲ ၊ ဆ
ရာ ဆရာမတွေကနေ လက်တွေ့အသုံးချနိုင်တဲ့ဖက်တွေမှာ အာရုံစူးစိုက်နိုင်ဖို့ အနီးကပ်သင်
ကြားပေးတာကြောင့် လုပ်ငန်းခွင်အတွက် အဆင်သင့်ပိုဖြစ်နိုင်တာပါပဲ ။

ဒီသင်တန်းမှာ ပါဝင်သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ အောက်ကအတိုင်းပါ ။
(၁) KBINT401B Research International Business Opportunities (နိုင်ငံတကာ
စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများကို သုတေသနလုပ်ခြင်း)
စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများကို သုတေသနလုပ်ခြင်း)
(၂) KBMKG415A Research International Markets (နိုင်ငံတကာ ဈေးကွက်များကို
သုတေသနလုပ်ခြင်း)
သုတေသနလုပ်ခြင်း)
(၃) KBMKG510A Plan Electronic Marketing Communications (လျှပ်စစ်ပိုင်းဆိုင်ရာ
အရောင်းအဝယ် ဆက်သွယ်ရေးလမ်းကြောင်းများကို အစီစဉ်ချခြင်း)
အရောင်းအဝယ် ဆက်သွယ်ရေးလမ်းကြောင်းများကို အစီစဉ်ချခြင်း)
(၄) KBWRT401A Write Complex Documents (ခက်ခဲရှုပ်ထွေးသော စာရွက်စာတန်း
များ ရေးသားခြင်း)
များ ရေးသားခြင်း)
(၅) KVBQU044 Prepare To Study (စာသင်ကြားလေ့လာမှုအတွက် အသင့်ပြင်ခြင်း)
(၆) KBCMM401A Make A Presentation (တင်ပြမှုတစ်ခု ပြုလုပ်ခြင်း)
(၇) KBINM401A Implement Workplace Information System (လုပ်ငန်းခွင်ဆိုင်ရာ
သတင်းအချက်အလက်စနစ်ကို အကောင်အထည်ဖေါ်ခြင်း)
သတင်းအချက်အလက်စနစ်ကို အကောင်အထည်ဖေါ်ခြင်း)
(၈) KBMKG414A Undertake Marketing Activities (ဈေးကွက်ဆိုင်ရာ အလုပ်အကိုင်
များကို တာဝန်ယူခြင်း)
များကို တာဝန်ယူခြင်း)
(၉) KBREL401A Establish Networks (ကွန်ယက်များ တည်ထောင်ခြင်း)
(၁၀) KBINT405B Apply Knowledge Of Imp Exp Int Conventions, Laws And
Finance (သွင်းကုန် ၊ ထုတ်ကုန် ၊ နိုင်ငံတကာ သဘောတူညီချက်များ ၊
ဥပဒေများနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိသုတများကို ကျင့်သုံးခြင်း)
Finance (သွင်းကုန် ၊ ထုတ်ကုန် ၊ နိုင်ငံတကာ သဘောတူညီချက်များ ၊
ဥပဒေများနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိသုတများကို ကျင့်သုံးခြင်း)
(၁၁) KBINT409B Plan For International Trade (နိုင်ငံတကာကုန်သွယ်မှုအတွက် အ
စီစဉ်ချခြင်း)
စီစဉ်ချခြင်း)
(၁၂) KBMKG416A Market Goods And Services Internationally (ကုန်ပစ္စည်းများနှင့်
ဝန်ဆောင်လုပ်ငန်းများကို နိုင်ငံတကာတွင် ဈေးကွက်တင်ခြင်း)
ဝန်ဆောင်လုပ်ငန်းများကို နိုင်ငံတကာတွင် ဈေးကွက်တင်ခြင်း)
(၁) Research International Business Opportunities
* နိုင်ငံတကာစီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေကို ရွေးချယ်ဖို့ ၊
* စီးပွားရေးလုပ်ငန်းဆိုင်ရာ အရည်အချင်းတွေကို ရွေးချယ်ဖို့ စသည်ဖြင့် အဓိကဦးတည်ထားတဲ့
ဒီဘာသာရပ်မှာ နိုင်ငံရပ်ခြားကို ကုန်စည်တင်ပို့ဖို့ သင့်တော်ပြီးဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေထဲ ဥပဒေ ၊
ဈေးကွက်အစိတ်အပိုင်း ၊ ဆုံးရှူံးနိုင်ချေအန္တရယ် ၊ ဒေသတွင်းနှိုင်းယှဉ်ချက် ၊ နိုင်ငံအတွင်းအပြင်
သုံးသပ်ချက် ၊ အကြံဥာဏ်ရယူနိုင်တဲ့ အရင်းအမြစ်ဌာနနဲ့ တင်ပို့မယ့်လုပ်ငန်းကိုယ်၌ရဲ့ အားနည်း
အားသာချက်တွေနဲ့ အဆင်သင့်ဖြစ်မှုတွေကို အစီရင်ခံစာတင်စေတာမျိုးတွေ လေ့ကျင့်ပေးပါတယ် ။

(၂) Research International Markets
အမှတ်စဉ် (၁) ဘာသာရပ်နဲ့ တွဲဖက်သင်ကြားတဲ့ ဒီဘာသာရပ်မှာ အဓိကရည်ရွယ်ချက်တွေ
အဖြစ် -
အဖြစ် -
* ဦးတည်ထားတဲ့ဈေးကွက်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်စုဆောင်းဖို့ ၊
* ဦးတည်ထားတဲ့ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ အလားအလာတွေကို စုံစမ်းဖေါ်ထုတ်ဖို့ ၊
* ဆုံးဖြတ်ချက်ချရာမှာ အချက်အလက်တွေကို အသုံးပြုတတ်ဖို့ စတာတွေ ပါပါတယ် ။
သင်ကြားမှုမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ၊ သဘောတူညီမှုတွေ ၊ ရေမြေအနေအထား
ရဲ့သက်ရောက်မှု ၊ ကုန်သွယ်မှုလုပ်ကြရာမှာ တွေ့ကြုံရနိုင်တာ ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ရာမှာ
ရဲ့သက်ရောက်မှု ၊ ကုန်သွယ်မှုလုပ်ကြရာမှာ တွေ့ကြုံရနိုင်တာ ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ရာမှာ
ထည့်သွင်းတွက်ချက်ရတာတွေ ၊ အတွေ့အကြုံရှိသူတွေရဲ့ ပြန်ပြောပြချက်တွေကို လေ့လာတာက
နေစပြီး အပေါ်ကနံပါတ် (၁) ဘာသာရပ်နဲ့တွဲဖက် သင်ကြားပေးတာ ဖြစ်ပါတယ် ။
နေစပြီး အပေါ်ကနံပါတ် (၁) ဘာသာရပ်နဲ့တွဲဖက် သင်ကြားပေးတာ ဖြစ်ပါတယ် ။
(၃) Plan Electronic Marketing Communications
E-marketing လို့ ခေါ်နိုင်တဲ့ ဒီဘာသာရပ်မှာ -
* အထူးသဖြင့်အင်တာနက်နဲ့ အခြားဆက်သွယ်ရေးလမ်းကြောင်းတွေသုံးပြီး ဘယ်လိုဈေးကွက်
လှုပ်ရှားမှုတွေလုပ်ဖို့ မဟာဗျူဟာချတာနဲ့ အကွက်ချတာတွေလုပ်တတ်ဖို့ ၊
လှုပ်ရှားမှုတွေလုပ်ဖို့ မဟာဗျူဟာချတာနဲ့ အကွက်ချတာတွေလုပ်တတ်ဖို့ ၊
* ဈေးကွက်မဟာဗျူဟာနဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်နဲ့ပတ်သက်ပြီး ပြင်ဆင် တန်ဖိုးဖြတ်တတ်စေ
ဖို့တွေကို အဓိကဦးတည်ထားပါတယ် ။
ဖို့တွေကို အဓိကဦးတည်ထားပါတယ် ။
ဝက်ဘ်ဆိုဒ်နာမည်နဲ့ အခြားဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကြား သုံးသပ်မှု ၊ ဝက်ဘ်ဆိုဒ်
နမူနာတည်ထောင်မှု ၊ ဒီဇိုင်းအခြေခံသဘောတရား ၊ အင်တာနက်ကတစ်ဆင့် ဆက်သွယ်လုပ်
ကိုင် ရောင်းဝယ်ဖေါက်ကားဖို့ မဟာဗျူဟာနဲ့ ပြင်ဆင်မှုတွေကို စာတွေ့လက်တွေ့ သင်ကြားစစ်
ဆေးပေးတာတွေကို လုပ်ပါတယ် ။
နမူနာတည်ထောင်မှု ၊ ဒီဇိုင်းအခြေခံသဘောတရား ၊ အင်တာနက်ကတစ်ဆင့် ဆက်သွယ်လုပ်
ကိုင် ရောင်းဝယ်ဖေါက်ကားဖို့ မဟာဗျူဟာနဲ့ ပြင်ဆင်မှုတွေကို စာတွေ့လက်တွေ့ သင်ကြားစစ်
ဆေးပေးတာတွေကို လုပ်ပါတယ် ။
(၄) Write Complex Documents
ဒီဘာသာရပ်ဟာ တန်းမြင့်ပညာ စတင်သင်ကြားတဲ့ ကျောင်းသားများအနေနဲ့ ၊ စီးပွားရေးပညာ
မှာ တရားဝင်ရုံးသုံးရေးသားပုံနဲ့ ပညာရပ်ဆိုင်ရာမှာ အခြေခံအထက်တန်းကျောင်းထက်ရှုပ်ထွေးတဲ့
စာရေးသားပုံတွေကို အစီအစဉ်တကျရေးတတ်အောင် အုတ်မြစ်ချပေးဖို့ ရည်ရွယ်ပါတယ် ။ အထက်
က နိုင်ငံတကာ ဈေးကွက်နဲ့ အခွင့်အလမ်းရှာဖွေခြင်း စတာတွေအတွက်တင်ရတဲ့ စာတမ်းငယ်ကို
ရေးသားပုံတွေအပေါ် တွဲဖက်ပြီး အကဲဖြတ်အမှတ်ပေးပါတယ် ။

(၅) Prepare To Study
ဒီဘာသာရပ်မှာ တက်ရောက်သင်ကြားလာသူကို ကျောင်းနဲ့ပတ်သက်ပြီး ဗဟုသုတတွေနဲ့ တက္က
သိုလ်အဆင့်မှာ လိုက်နာရမယ့်အချက်အလက်တွေကို အကျွမ်းတဝင်ဖြစ်စေဖို့ ဦးတည်ပြီး ၊ ရွေးချယ်
စရာ ဥာဏ်စမ်းမေးခွန်းတွေနဲ့ အကဲဖြတ်တဲ့ ဘာသာရပ်ငယ်တစ်ခု ဖြစ်ပါတယ် ။ အမှတ် ၅၀ သာ ရှိ
ပါတယ် ။
သိုလ်အဆင့်မှာ လိုက်နာရမယ့်အချက်အလက်တွေကို အကျွမ်းတဝင်ဖြစ်စေဖို့ ဦးတည်ပြီး ၊ ရွေးချယ်
စရာ ဥာဏ်စမ်းမေးခွန်းတွေနဲ့ အကဲဖြတ်တဲ့ ဘာသာရပ်ငယ်တစ်ခု ဖြစ်ပါတယ် ။ အမှတ် ၅၀ သာ ရှိ
ပါတယ် ။
(၆) Make A Presentation
စားသုံးသူ ၊ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်သူတွေရဲ့အကြားမှာ ၊ တနည်းအားဖြင့် လူရှေ့သူရှေ့
မှာ စကားပြောတာ ၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဆိုင်ရာတွေကို စနစ်တကျ ပြင်ဆင်တင်ပြတဲ့ အလေ့
အကျင့်တွေရနိုင်စေဖို့ သင်ကြားပေးတဲ့ ဘာသာရပ်ဖြစ်ပါတယ် ။ ဘာသာရပ် နံပါ (၈) နဲ့တွဲဖက်ထား
ပြီး အဲဒီဘာသာရပ်အတွင်းကလေ့ကျင့်ခန်းတွေသာမက အပြင်က စိတ်ကြိုက်ကုန်ပစ္စည်းတစ်ခုကို
လိုအပ်တဲ့ဘောင်အတွင်းက တင်ပြစေတာ ၊ လျှပ်တပျက်ပေါ်လာတဲ့ အကြောင်းအရာတစ်ခုကို လက်
တန်း အကျယ်ချဲ့တင်ပြစေတာ ၊ ကုန်စည်ပြပွဲတစ်ခုအတွက် စီမံတင်ဆက်မှုလုပ်စေတာ စတဲ့ လက်
တွေ့လေ့ကျင့်ခန်းမျိုးတွေနဲ့ လေ့ကျင့်ပေးပါတယ် ။

(၇) Implement Workplace Information System
အဓိကရည်ရွယ်ရင်းတွေအဖြစ် -
* လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ ရရှိနိုင်မယ့် နေရာတွေကို ရွေးထုတ်နိုင်ဖို့ ၊
* သတင်းအချက်အလက်တွေကို စုရုံး ၊ သုံးသပ်ပြီး အစီရင်ခံနိုင်ဖို့ ၊
* သတင်းအချက်အလက်စနစ်ကို လက်တွေ့အကောင်အထည်ဖေါ် အသုံးပြုနိုင်ဖို့ ၊
* သတင်းအချက်အလက်စနစ် ပြောင်းလဲမှုတွေအတွက် ပြင်ဆင်နိုင်ဖို့တွေ ပါဝင်ပါတယ် ။
ဒါတွေကို ဖေါ်ဆောင်နိုင်ဖို့အတွက် မိုက်ကရိုဆော့ရဲ့ Excel နဲ့ Access စတဲ့ ကြားခံစနစ်တွေ
ကိုအသုံးချပြီး ၊ ကုပ္မဏီ သို့မဟုတ် အသင်းအဖွဲ့တစ်ခုအတွက် သတင်းအချက်အလက်စနစ်တစ်
ခု တည်ဆောက်နိုင်ဖို့ရာ အခြေခံအဆင့်ကို သင်ကြားပေးတဲ့ ဘာသာရပ်ဖြစ်ပါတယ် ။
ကိုအသုံးချပြီး ၊ ကုပ္မဏီ သို့မဟုတ် အသင်းအဖွဲ့တစ်ခုအတွက် သတင်းအချက်အလက်စနစ်တစ်
ခု တည်ဆောက်နိုင်ဖို့ရာ အခြေခံအဆင့်ကို သင်ကြားပေးတဲ့ ဘာသာရပ်ဖြစ်ပါတယ် ။
(၈) Undertake Marketing Activities
ဘာသာရပ် နံပါတ် (၆) နဲ့ တွဲဖက်ထားတဲ့ ဒီဘာသာမှာ ဈေးကွက်ထဲမှာ လုပ်ကိုင်ဆောင်ရွက်ဖို့
အဓိကကျတဲ့ ကွန်ယက်တည်ဆောက်မှုအစီအစဉ် ၊ ဈေးကွက်အလိုက် အပိုင်းကဏ္ဍတွေ ခွဲခြားသုံး
သပ်တာ ၊ ဈေးကွက်တစ်ခုလုံးအလိုက် ခြုံငုံသုံးသပ်တာ ၊ ထုတ်ကုန်ဆိုင်ရာနဲ့ ဈေးကွက်တင်ရောင်း
ချတာတွေအတွက် ဆုံးဖြတ်ချက်ချပုံတွေကို စာတွေ့လက်တွေ့ မိတ်ဆက်လေ့ကျင့်စေပါတယ် ။

(၉) Establish Networks
ဒီဘာသာရပ်အတွက် အဓိကဦးတည်ချက်တွေကတော့ -
* စီးပွားရေးကွန်ယက်တွေကို တည်ဆောက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ၊
* စီးပွာရေးဆိုင်ရာဆက်ဆံမှုတွေကို တည်ထောင်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ၊
* ရရှိဖြစ်ပေါ်လာတဲ့ ဆက်ဆံရေးတွေကို အားပေးအဆင့်မြှင့်တင်သွားဖို့ - တို့ဖြစ်ပါတယ် ။
ဒါတွေကို လေ့ကျင့်ပေးဖို့အတွက် အချိန်တိုမိတ်ဆက် လေ့ကျင့်ခန်း ၊ ကွန်ယက်တည်ဆောက်
တဲ့ဖို့ အစီစဉ်ရေးဆွဲစေတဲ့ လေ့ကျင့်ခန်း ၊ စီးပွားရေးလုပ်ငန်းအတွင်းက လူတွေကို ကိုယ့်ကွန်ယက်
ထဲ လက်တွေ့ခေါ်ဖိတ်ဖို့ ကြိုးပမ်းချက် ၊ ဘာသာရပ်အပေါ် သုံးသပ်ချက် လေ့ကျင့်ခန်းနဲ့ ကွန်ယက်
ဖြစ်ပေါ်စေနိုင်တဲ့ အသင်းအဖွဲ့တစ်ခုရဲ့ အခမ်းအနားကို တက်ရောက်စေတဲ့ လက်တွေ့လေ့ကျင့်
ခန်းမျိုးတွေကို လုပ်ကိုင်စေပါတယ် ။

(၁၀) Apply Knowledge Of Imp Exp Int Conventions, Laws And Finance
* ကျယ်ပြန့်တဲ့ အသိနဲ့ အရည်အချင်းတွေကို ရယူထိန်းသိမ်းထားဖို့ ၊
* ရနိုင်တဲ့ သတင်းအချက်အလက်တွေထဲက လိုအပ်တဲ့အချက်အလက်တွေကို ခွဲခြားရွေးထုတ်
နိုင်ဖို့ ၊
နိုင်ဖို့ ၊
* ရနိုင်တဲ့ သတင်းအချက်အလက်တွေကို အဓိပ္ပါယ်ဖေါ် ၊ သုံးသပ်ပြီး အသုံးပြုတတ်ဖို့ ၊
* သုတေသနပြုမှုကို ပြန်သုံးသပ်ပြီး ဝေဖန်ပိုင်းခြားနိုင်ဖို့ - စတာတွေကို အဓိကရည်ရွယ်ချက်အဖြစ်
ထားရှိတဲ့ ဒီဘာသာရပ်မှာ ကနေ့ အသုံးပြုများတဲ့ နိုင်ငံတကာစီးပွားရေးသဘောတူညီချက်တွေ ၊
ကြားခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေအကြား စီးပွားရေးဆိုင်ရာ ပြဿနာဖြေရှင်းကြပုံ စံနမူနာတွေ
ကို လေ့လာစေပါတယ် ။
ထားရှိတဲ့ ဒီဘာသာရပ်မှာ ကနေ့ အသုံးပြုများတဲ့ နိုင်ငံတကာစီးပွားရေးသဘောတူညီချက်တွေ ၊
ကြားခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေအကြား စီးပွားရေးဆိုင်ရာ ပြဿနာဖြေရှင်းကြပုံ စံနမူနာတွေ
ကို လေ့လာစေပါတယ် ။
(၁၁) Plan For International Trade
အပေါ်က ဘာသာရပ် (နံပါတ် ၁၀) နဲ့တွဲလျက်သင်ရတဲ့ ဒီဘာသာရပ်မှာ ကုန်သွယ်မှုလက်
တွေ့ဘဝထဲ တွေ့ကြုံကြရတဲ့ ကုန်း ရေ လေ ကုန်ပစ္စည်းတင်ပို့မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့
အခြေခံသဘောတရားတွေကို နားလည်နိုင်စေဖို့ သင်ကြားပေးပါတယ် ။ ကုန်စည်ပို့ဆောင်ရေး
မှာ အရေးပါတဲ့ သင်္ဘောဆိပ်လို နေရာမျိုးကို လေ့လာရေးထွက်တာ ၊ ကုန်ပစ္စည်း လက်တွေ့ဝယ်
ယူပုံနဲ့ အဲဒါရဲ့ပတ်သက်နေတဲ့ စာရွက်စာတမ်းကိစ္စတွေကို ဖြည့်စွက်ပုံလေ့ကျင့်တာ ၊ သင်ကြားခဲ့
တာတွေထဲက ကောက်နှုတ်ပြီး မေးခွန်းတွေဖြေကြား ပြန်ဆိုရင်း နိုင်ငံတကာကုန်သွယ်ရေးအခေါ်
အဝေါ်တွေနဲ့ လုပ်ကိုင်ပုံတွေကို ဖြေကြားလေ့ကျင့်တာတွေလုပ်ပြီး ဘာသာရပ်နဲ့ ရင်းနှီးကျွမ်းဝင်
စေပါတယ် ။

(၁၂) Market Goods And Services Internationally
နိုင်ငံတကာဈေးကွက်များနဲ့ အကျွမ်းတဝင်ရှိလာစေဖို့အတွက် ရှိပြီးသား အောင်မြင်ပြီးသား
စီးပွားရေးလုပ်ငန်းတွေကို နမူနာလေ့လာပြီး စနစ်တကျ ပိုင်းခြားစိတ်ဖြာ အဆိုပြုတင်ပြမှုတွေနဲ့
လေ့ကျင့်ပေးတဲ့ ဘာသာရပ်တစ်ခုပါ ။ အဓိကဦးတည်ချက်တွေအနေနဲ့ -
စီးပွားရေးလုပ်ငန်းတွေကို နမူနာလေ့လာပြီး စနစ်တကျ ပိုင်းခြားစိတ်ဖြာ အဆိုပြုတင်ပြမှုတွေနဲ့
လေ့ကျင့်ပေးတဲ့ ဘာသာရပ်တစ်ခုပါ ။ အဓိကဦးတည်ချက်တွေအနေနဲ့ -
* သင့်တော်တဲ့ ဈေးကွက်တင်လုပ်ဆောင်ချက်တွေကို ရွေးချယ်နိုင်ဖို့ ၊
* နိုင်ငံတကာဈေးကွက်ဆိုင်ရာ အလုပ်ကိုင်တွေကို အကောင်အထည်ဖေါ်ဖို့ ၊
* ဈေးကွက်ဆိုင်ရာ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်သုံးသပ်ဖို့ - တွေပဲဖြစ်ပါတယ် ။
ဒီတော့ နိုင်ငံတကာကုန်စည်ပြပွဲ ၊ ပြည်ပကို ကုန်ပို့နိုင်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းငယ်မျိုးတွေကို
လက်တွေ့သွားကြည့်တာ ၊ စာတွေ့အနေနဲ့ ကျွဲရိုင်းနဲ့ မက်ဒေါ်နယ်တို့လိုလုပ်ငန်းတွေကို လေ့လာ
တာမျိုးတွေကို လုပ်ပေးပါတယ် ။ လေ့လာသုံးသပ်ရာမှာလည်း “Harvard Case Study Method”
လို နည်းလမ်းမျိုးတွေကို အသုံးပြုတတ်စေဖို့ရာ မိတ်ဆက်ပေးပါတယ် ။

အပေါ်က ဘာသာရပ်တွေကို သင်ကြားရာမှာ ၊ အသက်မွေးမှုပညာရေးအတွက် ရည်ရွယ်ထုတ်
ဝေတဲ့ “International Marketing (Fletcher R & Crawford Heather)” ၊ “Marketing
(Kotler, Brown, Burton, Deans & Armstrong)” နဲ့ “Consumer Behaviour (Schiffman
L, O’Cass A, Paladino A, D’Alessandro S, Bednall D)” စတဲ့ စာအုပ်များကို အသုံးပြုတဲ့အပြင် ၊
“Australian Trade Commission” လို့ခေါ်တဲ့ အစိုးရဌာနကနေ အခမဲ့ထုတ်ဝေ ဖြန့်ချီတဲ့ “Creating
International Business: Resources For Higher Education Business Courses (APEC 2009)”
ဆိုတဲ့ APEC အဖွဲ့ရဲ့ နိုင်ငံတကာစီးပွားရေး အခြေခံလက်စွဲစာအုပ်ကိုပါ အသုံးပြုပါတယ် ။

ဒါ့ပြင် ဆရာ ဆရာမအများစုဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ခဲ့သူနဲ့ လုပ်နေသူ ၊ ကုန်သွယ်စီးပွားဆိုင်
ရာ အစိုးရဌာနတွေမှာ လုပ်ကိုင်ဖူးသူတွေနဲ့ အတိုင်ပင်ခံလုပ်ငန်းတွေမှာ လုပ်ကိုင်ဖူးသူ စတဲ့သူတွေ
ကနေ သင်ကြားပြသပေးတာဖြစ်တဲ့အပြင် ပြင်ပက စီးပွားရေးလုပ်ကိုင်နေသူအချို့ကိုလည်း ဖိတ်ခေါ်
စကားပြောစေတဲ့အတွက် လက်တွေ့ကျပြီး လိုအပ်တဲ့ အခြေခံဗဟုသုတတွေကို ရရှိနိုင်ဖို့ အခွင့်အ
လမ်းတွေ ရှိပါတယ် ။

ဒါကြောင့်မို့ ဒီ “နိုင်ငံတကာကုန်သွယ်မှုသင်တန်း” ဟာ စိတ်ပါဝင်စားသူများအတွက်တော့ အ
ခြေခံအုတ်မြစ်တည်ဆောက်ဖို့ရာ သင်တန်းကောင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်ယူဆ တင်ပြလိုက်
ရပါတယ် ။
ခြေခံအုတ်မြစ်တည်ဆောက်ဖို့ရာ သင်တန်းကောင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်ယူဆ တင်ပြလိုက်
ရပါတယ် ။
မန်းကိုကို
၃၁ ၊ ၀၇ ၊ ၂၀၁၁
Subscribe to:
Posts (Atom)